
နားအူ ၊ နားကိုက် ၊ နားထဲ အနာပေါက်များအတွက် ဆေးအသုံးဝင်သော ( တဇောင်းမင်းသား )
ကိုယ်တွေ့ ပျောက်ခဲ့တဲ့ ဆေးပင်ပါ ကျမ နားထဲအနာပေါက်ပီး နားကိုက်ဝေဒနာခံစားနေရတာ တလနီးပါးကြာတဲ့အချိန်မှာ ခု ဆေးပင်နဲ့တွေ့မှ သက်သာပျောက်ကင်းပါတယ်
ဖြစ်စမှာ နားထဲကို အရွက်စိမ်းက အရည်တွေကိုမခတ်ရဲလို့ ဆရာဝန်နဲ့ကုနေပေမယ့် လုံးဝ မသက်သာခဲ့ဘဲ တနေ့လျှင် အကိုက်ခဲပျောက်ဆေးကို လေးကြိမ်ထိသောက်ခဲ့တာတောင် အနာကိုက်တာက လျော့မသွားဘဲ တနေ့ထက် တနေ့ ပိုဆိုးလာလို့ မိတ်ဆွေများ၏ တိုက်တွန်းမှု့ကြောင့် ယခုအပင်မှ အရွက်ကို မီးကင်၍ နားထဲသို့ အရည်ညှစ်၍ တနေ့လျှင် သုံးကြိမ် အသုံးပြုခဲ့ပါတယ် ဆေးခတ်ပီး ငါးရက်အကြာမှ စတင်ကာ အကိုက်ခဲပျောက်ဆေး သောက်တဲ့အကြိမ်ရေ လျော့လာပါတယ် ။
ဆယ်ရယ်မြောက်နေ့မှာ အကိုက်ခဲပျောက်ဆေး လုံးဝသောက်စရာမလိုအောင် သက်သာသွားပါပီ ။
PS…. ယခုဆေးကို ယုံကြည်စွာ သုံးစွဲဖို့ သူကိုယ်တိုင်နားအနာပေါက်ဖူး၍ သူ့ဖြစ်စဉ်ကိုစိတ်ရှည်စွာနဲ့ ရှင်းပြခဲ့တဲ့ ရေစကြိုမှ ကားဝပ်ရှော့ဆရာဇနီးမောင်နှံ ( အပင်နဲ့ အရွက်ကို ကားဂိတ်ကနေတကူးတကပို့ပေးတာ ကျေးဇူးအထူးတင်ပါတယ်)
ဖေဖေ့ မိတ်ဆွေ ဦးကျော် အိမ်တိုင်ယာရောက် နေပူကြီးထဲ လာပို့တာကိုလဲ ကျေးဇူးတင်ပါတယ်
Leave a Reply