နှုတ်ခမ်းချင်းနမ်းပြတာတောင် ခွေးငတ် ရေခဲမုန့် လျက်ပြနေသလိုကြီးလို့ ပြောလိုက်တဲ့ ပန်ဆယ်လို..

လူမှုကွန်ယက်မှာ အကြောင်းအရာ တစ်ခုခု ဂယက်ထလာတိုင်း အမြင်အတိုင်း ရေးသားမျှဝေလေ့ရှိတဲ့ ပန်ဆယ်လို ကတော့ အခုရက်ပိုင်းမှာ နာမည်ကြီးပြီး ဝေဖန်သူတွေများပြားနေတဲ့ အကြောင်းအရာ တစ်ခုနဲ့ပတ်သက်ပြီး ခပ်ပြင်းပြင်းလေး ဝေဖန်ရေးသားထားကို တွေ့ရပါတယ်။

ပန်ဆယ်လိုရေးသားထားတာကတော့ မြန်မာပြည်က အနုပညာရှင်တချို့ကို ထိထိမိမိ ဝေဖန်ရေးသားထားခြင်းပဲဖြစ်ပါတယ်။ ဘာအကြောင်းအရာလဲဆိုတာကတော့ ပရိသတ်ကြီးကို ပြောပြဖို့ လိုမယ်မထင်တော့ပါဘူးနော်..။

ပန်ဆယ်လို ရေးသားထားတဲ့ ရေးသားချက်လေးတွေကို ဖတ်ကြည့်ရအောင်….

မြန်မာပြည်က အနုပညာအဆင့်အတန်းဆိုသည်မှာလည်း အတော်စိတ်လေစရာကောင်းလွန်းတယ်။

အပြာဆန်ဆန်ရိုက်တယ်…

အိုကေ… ထားပါ … Conservative မဖြစ်ပါဘူး။

ဘာပုတယ် ညာပုတယ် မြန်မာ့ယဉ်ကျေးမှု ဘလာဘလာတွေလည်း မပြောပါဘူး။ ဒါပေမယ့် အပြာတောင် အဆင့်မီအောင် မရိုက်နိုင်ဘဲ ကကျိုးကကြောင်တွေ ထွက်လာသေးတယ်။

စိတ်ထကြွအောင် ရည်ရွယ်ပြီး ရိုက်တာတောင် စိတ်မထကြွဖို့နေနေသာသာ ရှိပြီးသာ တဏှာရာဂတောင် ဟုပ်ခနဲ ငြိမ်းလောက်တယ်။ သူများတွေ Love Scene တွေ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရိုက်ပြနေတာ၊ ဒီမယ်တော့ အဆီတဝင်းဝင်းနဲ့။ လလလလတွေကို ဖြစ်လို့….

လိင်ကိစ္စဆိုပေမယ့် ချစ်ခြင်းမေတ္တာ အခြေခံ ယစ်မူးရင်ခုန်ဖွယ်မဟုတ်ဘဲ ပြည့်တန်ဆာနဲ့ ပျော်ပါးနေသလို Sense ကြီးပဲ ရတယ်။ ဘာကြီးလဲဟဆိုပြီး အမြန်ပိတ်ပစ်ရတယ်။ အရှက်သည်းလွန်းလို့ မဟုတ်ဘူး။ ကိလေသာ အာသဝေါကုန်ပြီး တောထွက်မိတော့မှာ စိုးလို့…. ခွီး

အရင်တုန်းကတော့ ဆင်ဆာကြောင့် အဆင့်အတန်းနိမ့်ရတာပါတဲ့။ ဆင်ဆာလည်း မရှိရော… ကုတင်ပေါ်က အခန်းတွေချည်း ထွက်လာတယ်။ အဲ့ဒါတောင် ကောင်းကောင်းကန်းကန်း အနေအထားမဟုတ်ဘူး။ အော်လီအော်လက် ကြက်တန်းအထာနဲ့…

အနုပညာ အနုပညာနဲ့ ပါးစပ်နဲ့မဆန့် ပြောနေတာတွေ ချက်ချင်းရပ်လို့ပဲ ပြောလိုက်ချင်တော့တယ်…
နှုတ်ခမ်းချင်းနမ်းပြတာတောင် ခွေးငတ် ရေခဲမုန့် လျက်ပြနေသလိုကြီး…

တော်လောက်ပြီ ထင်တယ်လို့….

အိ ပန် ဆယ် လို

 

လူမႈကြန္ယက္မွာ အေၾကာင္းအရာ တစ္ခုခု ဂယက္ထလာတိုင္း အျမင္အတုိင္း ေရးသားမွ်ေဝေလ့ရွိတဲ့ ပန္ဆယ္လို ကေတာ့ အခုရက္ပိုင္းမွာ နာမည္ႀကီးၿပီး ေဝဖန္သူေတြမ်ားျပားေနတဲ့ အေၾကာင္းအရာ တစ္ခုနဲ႔ပတ္သက္ၿပီး ခပ္ျပင္းျပင္းေလး ေဝဖန္ေရးသားထားကို ေတြ႔ရပါတယ္။

ပန္ဆယ္လိုေရးသားထားတာကေတာ့ ျမန္မာျပည္က အႏုပညာရွင္တခ်ိဳ႕ကို ထိထိမိမိ ေဝဖန္ေရးသားထားျခင္းပဲျဖစ္ပါတယ္။ ဘာအေၾကာင္းအရာလဲဆိုတာကေတာ့ ပရိသတ္ႀကီးကို ေျပာျပဖို႔ လုိမယ္မထင္ေတာ့ပါဘူးေနာ္..။

ပန္ဆယ္လို ေရးသားထားတဲ့ ေရးသားခ်က္ေလးေတြကို ဖတ္ၾကည့္ရေအာင္….

ျမန္မာျပည္က အႏုပညာအဆင့္အတန္းဆိုသည္မွာလည္း အေတာ္စိတ္ေလစရာေကာင္းလြန္းတယ္။

အျပာဆန္ဆန္ရိုက္တယ္…

အိုေက… ထားပါ … Conservative မျဖစ္ပါဘူး။

ဘာပုတယ္ ညာပုတယ္ ျမန္မာ့ယဥ္ေက်းမႈ ဘလာဘလာေတြလည္း မေျပာပါဘူး။ ဒါေပမယ့္ အျပာေတာင္ အဆင့္မီေအာင္ မရိုက္နိုင္ဘဲ ကက်ိဳးကေၾကာင္ေတြ ထြက္လာေသးတယ္။

စိတ္ထႂကြေအာင္ ရည္ရြယ္ၿပီး ရိုက္တာေတာင္ စိတ္မထႂကြဖို႔ေနေနသာသာ ရွိၿပီးသာ တဏွာရာဂေတာင္ ဟုပ္ခနဲ ၿငိမ္းေလာက္တယ္။ သူမ်ားေတြ Love Scene ေတြ ရင္ခုန္စိတ္လႈပ္ရွားဖြယ္ ရိုက္ျပေနတာ၊ ဒီမယ္ေတာ့ အဆီတဝင္းဝင္းနဲ႔။ လလလလေတြကို ျဖစ္လို႔….

လိင္ကိစၥဆိုေပမယ့္ ခ်စ္ျခင္းေမတၱာ အေျခခံ ယစ္မူးရင္ခုန္ဖြယ္မဟုတ္ဘဲ ျပည့္တန္ဆာနဲ႔ ေပ်ာ္ပါးေနသလို Sense ႀကီးပဲ ရတယ္။ ဘာႀကီးလဲဟဆိုၿပီး အျမန္ပိတ္ပစ္ရတယ္။ အရွက္သည္းလြန္းလို႔ မဟုတ္ဘူး။ ကိေလသာ အာသေဝါကုန္ၿပီး ေတာထြက္မိေတာ့မွာ စိုးလို႔…. ခြီး

အရင္တုန္းကေတာ့ ဆင္ဆာေၾကာင့္ အဆင့္အတန္းနိမ့္ရတာပါတဲ့။ ဆင္ဆာလည္း မရွိေရာ… ကုတင္ေပၚက အခန္းေတြခ်ည္း ထြက္လာတယ္။ အဲ့ဒါေတာင္ ေကာင္းေကာင္းကန္းကန္း အေနအထားမဟုတ္ဘူး။ ေအာ္လီေအာ္လက္ ၾကက္တန္းအထာနဲ႔…

အႏုပညာ အႏုပညာနဲ႔ ပါးစပ္နဲ႔မဆန္႔ ေျပာေနတာေတြ ခ်က္ခ်င္းရပ္လို႔ပဲ ေျပာလိုက္ခ်င္ေတာ့တယ္…
ႏႈတ္ခမ္းခ်င္းနမ္းျပတာေတာင္ ေခြးငတ္ ေရခဲမုန္႔ လ်က္ျပေနသလိုႀကီး…

ေတာ္ေလာက္ၿပီ ထင္တယ္လို႔….

အိ ပန္ ဆယ္ လို

Be the first to comment

Leave a Reply

Your email address will not be published.


*