အိမ္ေဆာက္ေနတုန္း အုတ္နီခဲ ေတာင္းရင္ မေပးလိုက္ပါနဲ႕ ..

ကြၽန္ေတာ့္ကားပ်က္သြားလို႔ ကားျပင္ဖို႔ ဝပ္ေရွာ့ကို ပို႔ထားလိုက္ရတယ္။ ဒါေၾကာင့္ ၿမိဳ႕ပတ္ရထားစီးၿပီး အလုပ္သြားဖို႔ အိမ္နဲ႔ သိပ္မေဝးတဲ့ ဘူတာ႐ုံကို လမ္းေလွ်ာက္သြားလိုက္တယ္။

ဘူတာေရာက္ေတာ့ ရထားလာဖို႔ ေစာင့္ေနတုန္း ဘူတာ႐ုံပလက္ေဖါင္းေပၚမွာ ခြက္ေလးတစ္လုံး ေရွ႕ခ်ၿပီး ငုတ္တုပ္ေလး ထိုင္ေနတဲ့ အသက္ ၅၀ အ႐ြယ္ လူႀကီးတစ္ေယာက္ကို သတိထားမိလိုက္တယ္။ သူဟာ အဝတ္အစား ႏြမ္းႏြမ္းပါးပါးကို ဝတ္ထားတယ္။ သူ႔မ်က္ႏွာမွာ ထမင္းအလြန္ဆာေနပုံ ေပၚေနတယ္။ ဒါေပမဲ့ သူ႔႐ုပ္ရည္ဟာ သန႔္ျပန႔္လို႔ သူေတာင္းစားတစ္ေယာက္ မဟုတ္ေလာက္ဘူးလို႔ ကြၽန္ေတာ္တြက္မိတယ္။

ကြၽန္ေတာ္လည္း သူ႔ကို သနားတာနဲ႔ ဘူတာ႐ုံေဘးက ထမင္းတစ္ထုတ္ဝယ္ၿပီး သူ႔ဆီ သြားေပးလိုက္တယ္။ ဒီအခ်ိန္မွာ ရထားဝင္လာလို႔ သူ႔ကို စကားမေျပာႏိုင္ဘဲ လက္ထဲက ထမင္းထုတ္ကို ေပးၿပီး ရထားေပၚ အျမန္တက္လိုက္တယ္။ ကြၽန္ေတာ္ လွမ္းၾကည့္လိုက္ေတာ့ သူဟာ ကြၽန္ေတာ့္ကို အလြန္ေက်းဇူးတင္တဲ့ မ်က္ႏွာနဲ႔ လွမ္းၾကည့္ေနတာကို ျမင္လိုက္ရတယ္။ ကြၽန္ေတာ္ သူ႔အေၾကာင္းကို စဥ္းစားရင္း ညက ေတာ္ေတာ္နဲ႔ အိပ္မရဘူး။

ဒီလူဟာ သူေတာင္းစား မဟုတ္ႏိုင္ဘူး။ သူ႔႐ုပ္ရည္ၾကည့္ရတာ အရင္က ခ်မ္းသာခဲ့တဲ့ လူတစ္ေယာက္ျဖစ္ႏိုင္တယ္၊ သူ အခု ဘာေၾကာင့္ ေတာင္းစားေနရတာလဲဆိုတာကို သိခ်င္ေနတယ္

ေနာက္ေန႔မွာ ကြၽန္ေတာ္ဟာ ပုံမွန္အလုပ္သြားခ်ိန္ထက္ေစာၿပီး အိမ္က ထြက္ခဲ့တယ္။ အရင္ေန႔က ေတြ႕ခဲ့တဲ့ အဲဒီလူႀကီးနဲ႔ စကားေျပာခ်င္လို႔ပါ။ သူ႔ကို အရင္ေနရာမွာပဲ ခြက္တစ္လုံးေရွ႕ခ်ၿပီး ထိုင္ေနတာကို ေတြ႕ရျပန္တယ္။ ကြၽန္ေတာ္ အရင္ရက္ကလိုပဲ ထမင္းတစ္ထုတ္ အျမန္ဝယ္ၿပီး သူ႔ဆီသြားလိုက္တယ္။ သူ႔ကို ထမင္းထုတ္ေပးရင္း ကြၽန္ေတာ္သိခ်င္တာကို ေမးျမန္းၾကည့္လိုက္တယ္။

ဦးေလးကို ၾကည့္ရတာ အရင္က ခ်မ္းသာခဲ့တဲ့ လူတစ္ေယာက္ျဖစ္ခဲ့မယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ အဲဒါ မွန္ရဲ႕လား ခင္ဗ်

မွန္ပါတယ္ကြယ္

ဟင္ ဒါဆို အခု ဘာျဖစ္လို႔ ဆင္းရဲသြားရတာလဲဗ်။ ဦးေလးဟာ ရွိတဲ့ ပစၥည္းေတြကို ေလာင္းကစားလုပ္ၿပီး ကုန္သြားလို႔လား၊ စီးပြားေရးလုပ္တာ ရႈံးသြားလို႔လား။ သားသမီးေတြ ႏွိပ္စက္လိုက္လို႔လား

မင္း ေျပာတာေတြ တစ္ခုမွ မဟုတ္ပါဘူးကြယ္

ဒါဆို ဦးေလး ဘာျဖစ္လို႔ ဒီဘဝေရာက္ေနခဲ့ရတာလဲဗ်

ငါ လူေတြကို စိတ္ခ်မ္းသာေစခ်င္လို႔ ဒီဘဝေရာက္လာရတာပါ

ဗ်ာ၊ လူေတြကို စိတ္ခ်မ္းသာေစခ်င္လို႔ ဒီဘဝေရာက္လာရတယ္ ဟုတ္လား။ ကြၽန္ေတာ္ နားမလည္လို႔ ရွင္းျပေပးပါလား”

လူႀကီးက ေဆြးေျမ့တဲ့ ေလသံနဲ႔ ခုလို ရွင္းျပပါတယ္

ငါဟာ အရင္က အေတာ္ေလး ခ်မ္းသာခဲ့တယ္။ အိမ္ေထာင္မရွိ လူပ်ိဳႀကီးတစ္ေယာက္ပါ။ ငါ့မွာ ေကာင္းတဲ့ အက်င့္လို႔ ေျပာရမလား၊ မေကာင္းတဲ့ အက်င့္လို႔ ေျပာရမလား မသိဘူး။ ငါဟာ ေငြေၾကးအခက္အခဲျဖစ္ေနတဲ့ လူေတြ ငါ့ဆီလာၿပီး အကူအညီေတာင္းရင္ ငါ ဘယ္ေတာ့မွ မျငင္းဘူး။ သူတို႔လိုသေလာက္ ပိုက္ဆံေတြ ေပးၿပီး ကူညီတယ္။

ငါဟာ အၿမဲကူညီတတ္တယ္ဆိုတာ ၾကားေတာ့ အကူအညီေတာင္းသူေတြလည္း အေတာ္မ်ားလာတယ္။ ငါ ပိုက္ဆံေပးလိုက္လို႔ သူတို႔ေပ်ာ္သြားတာကို ျမင္ရင္ ငါလည္း စိတ္ခ်မ္းသာတယ္။ ဒါေပမဲ့ ငါ့ပိုက္ဆံေတြကလည္း အေပးပဲရွိၿပီး အရမရွိေတာ့ ေနာက္ဆုံး ကုန္သြားတာေပါ့ကြာ။ ငါလည္း ပိုက္ဆံမရွိေတာ့ ရွိတဲ့ ပစၥည္းေတြနဲ႔ အိမ္ကို ေရာင္းၿပီး စားေသာက္ရတယ္။ ေနာက္ဆုံး စားစရာမရွိေတာ့ ခုလို လမ္းေဘးေရာက္လာတာေပါ့ကြာ

ဦးေလး၊ ခုလို ျဖစ္တဲ့အတြက္ ေနာင္တမရဘူးလားမရပါဘူး။ ဒါေပမဲ့ စိတ္မေကာင္းျဖစ္မိတာ တစ္ခုရွိတယ္

ဘာ ကို စိတ္ မ ေကာင္း ျဖစ္တာ လဲ ဦး ေလး

ေအး ကြာ၊ ငါ လူ ေတြ ကို သ နား လို႔ ငါ့ ကိုယ္ မွာ ဝတ္ထားတဲ့ အ က်ႌ ကို ခြၽတ္ ၿပီး ေပး လိုက္ တယ္။ ငါ လို အပ္ ေန တဲ့ အ ခ်ိန္ မွာ အ က်ႌ လက္ ေလးတစ္ ဖက္ ကို ေတာင္ မ ေပး ၾက ဘူး ကြာ။ ငါ့ အ ေတြ႕အ ႀကဳံ က ေန မင္း ကို အ ႀကံ တစ္ခု ေပး မယ္ ကြာ မင္း အိမ္တစ္လုံး ေဆာက္ ၿပီး ေန စ ရာ မရွိ သူ ေတြ ကို လာ ေန ခိုင္း လိုက္ ပါ ဒါ ေပ မဲ့ မင္း အိမ္ ေဆာက္ ေန တုန္း မွာ အုတ္ ခဲ ေတြ လာ ေတာင္း ရင္ မ ေပး လိုက္ပါ နဲ႔။ ဘာ ေၾကာင့္ လဲ ဆိုေတာ့ မင္း မွာ အုတ္ ခဲ မ ရွိ ေတာ့ လို႔ အိမ္ မ ေဆာက္ ႏိုင္ရင္ မင္း မွာ ေန စ ရာ မ ရွိ ျဖစ္သြား မယ္

ကြၽန္ ေတာ္ လည္း ရ ထား ဝင္လာ လို႔ ရ ထား ေပၚ အ ျမန္ ေျပး တက္ လိုက္ တယ္။ လူ ႀကီး ရဲ႕ စ ကား ကို နား ထဲ မွာ ၾကား ေယာင္ ရင္း ခု လို စဥ္းစား ေန မိ တယ္

ဟုတ္ ပါ တယ္ အ ကူ အ ညီလို အပ္ ေန သူ ေတြ ကို ကူ ညီ တယ္ ဆို တာ အ လြန္ မြန္ျမတ္ တဲ့ အ လုပ္ ပါ ဒါ ေပ မဲ့ ကူ ညီ ရင္း ကူ ညီ ရင္း နဲ႔ မိ မိကိုယ္ တိုင္ မြဲ သြား ရင္ လည္း မ ဟုတ္ ေသး ပါ ဘူး ဒါေၾကာင့္ ကူ ညီ ရင္း နဲ႔ မ မြဲ ေအာင္ မိ မိကိုယ္ ကို ျပည့္ စုံ တဲ့ ႀကီး ပြား ခ်မ္း သာ သူ တစ္ ေယာက္ အရင္ ျဖစ္ ေအာင္ လုပ္ သင့္ တယ္

အ ခု ဘီ လ္ဂိတ္၊ မာ့ ခ္ဇူကာ ဘတ္ တို႔ လို႔ က မာၻ မွာ အ ခ်မ္း သာ ဆုံး ဘီ လ်ံ နာသူ ေဌး ႀကီး ေတြ ျဖစ္ လာ ၿပီး ေဒၚလာ ဘီ လ်ံ နာ ေပါင္း မ်ား စြာကို လႉ တန္း ေပး ေန သ လိုေပါ့။ ဒီ လို မွ မ ဟုတ္ ဘဲ ေဝသ ႏၲရာ မင္း ႀကီး လို ဆင္ ျဖဴေတာ္ ပါ မ ခ်န္ စည္း စိမ္ ျပဳတ္ လႉ တန္း ႏိုင္ ရင္ ေတာ့ အ ေကာင္းဆုံး ေပါ့ ဗ်ာ။အင္ တာ နက္မွာ ဖတ္ ရ တဲ့ A limit of your kindness ေဆာင္း ပါး ေလး ကို မွီ ျငမ္း ေရး ထား တာ ပါ။

Source – ဗန္း ေမာ္ သိန္း ေဖ(၂၁-၀၆-၂၀၁၉)

Unicode

ကျွန်တော့်ကားပျက်သွားလို့ ကားပြင်ဖို့ ဝပ်ရှော့ကို ပို့ထားလိုက်ရတယ်။ ဒါကြောင့် မြို့ပတ်ရထားစီးပြီး အလုပ်သွားဖို့ အိမ်နဲ့ သိပ်မဝေးတဲ့ ဘူတာရုံကို လမ်းလျှောက်သွားလိုက်တယ်။

ဘူတာရောက်တော့ ရထားလာဖို့ စောင့်နေတုန်း ဘူတာရုံပလက်ဖေါင်းပေါ်မှာ ခွက်လေးတစ်လုံး ရှေ့ချပြီး ငုတ်တုပ်လေး ထိုင်နေတဲ့ အသက် ၅၀ အရွယ် လူကြီးတစ်ယောက်ကို သတိထားမိလိုက်တယ်။ သူဟာ အဝတ်အစား နွမ်းနွမ်းပါးပါးကို ဝတ်ထားတယ်။ သူ့မျက်နှာမှာ ထမင်းအလွန်ဆာနေပုံ ပေါ်နေတယ်။ ဒါပေမဲ့ သူ့ရုပ်ရည်ဟာ သန့်ပြန့်လို့ သူတောင်းစားတစ်ယောက် မဟုတ်လောက်ဘူးလို့ ကျွန်တော်တွက်မိတယ်။

ကျွန်တော်လည်း သူ့ကို သနားတာနဲ့ ဘူတာရုံဘေးက ထမင်းတစ်ထုတ်ဝယ်ပြီး သူ့ဆီ သွားပေးလိုက်တယ်။ ဒီအချိန်မှာ ရထားဝင်လာလို့ သူ့ကို စကားမပြောနိုင်ဘဲ လက်ထဲက ထမင်းထုတ်ကို ပေးပြီး ရထားပေါ် အမြန်တက်လိုက်တယ်။ ကျွန်တော် လှမ်းကြည့်လိုက်တော့ သူဟာ ကျွန်တော့်ကို အလွန်ကျေးဇူးတင်တဲ့ မျက်နှာနဲ့ လှမ်းကြည့်နေတာကို မြင်လိုက်ရတယ်။ ကျွန်တော် သူ့အကြောင်းကို စဉ်းစားရင်း ညက တော်တော်နဲ့ အိပ်မရဘူး။

ဒီလူဟာ သူတောင်းစား မဟုတ်နိုင်ဘူး။ သူ့ရုပ်ရည်ကြည့်ရတာ အရင်က ချမ်းသာခဲ့တဲ့ လူတစ်ယောက်ဖြစ်နိုင်တယ်၊ သူ အခု ဘာကြောင့် တောင်းစားနေရတာလဲဆိုတာကို သိချင်နေတယ်

နောက်နေ့မှာ ကျွန်တော်ဟာ ပုံမှန်အလုပ်သွားချိန်ထက်စောပြီး အိမ်က ထွက်ခဲ့တယ်။ အရင်နေ့က တွေ့ခဲ့တဲ့ အဲဒီလူကြီးနဲ့ စကားပြောချင်လို့ပါ။ သူ့ကို အရင်နေရာမှာပဲ ခွက်တစ်လုံးရှေ့ချပြီး ထိုင်နေတာကို တွေ့ရပြန်တယ်။ ကျွန်တော် အရင်ရက်ကလိုပဲ ထမင်းတစ်ထုတ် အမြန်ဝယ်ပြီး သူ့ဆီသွားလိုက်တယ်။ သူ့ကို ထမင်းထုတ်ပေးရင်း ကျွန်တော်သိချင်တာကို မေးမြန်းကြည့်လိုက်တယ်။

ဦးလေးကို ကြည့်ရတာ အရင်က ချမ်းသာခဲ့တဲ့ လူတစ်ယောက်ဖြစ်ခဲ့မယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒါ မှန်ရဲ့လား ခင်ဗျ

မှန်ပါတယ်ကွယ်

ဟင် ဒါဆို အခု ဘာဖြစ်လို့ ဆင်းရဲသွားရတာလဲဗျ။ ဦးလေးဟာ ရှိတဲ့ ပစ္စည်းတွေကို လောင်းကစားလုပ်ပြီး ကုန်သွားလို့လား၊ စီးပွားရေးလုပ်တာ ရှုံးသွားလို့လား။ သားသမီးတွေ နှိပ်စက်လိုက်လို့လား

မင်း ပြောတာတွေ တစ်ခုမှ မဟုတ်ပါဘူးကွယ်

ဒါဆို ဦးလေး ဘာဖြစ်လို့ ဒီဘဝရောက်နေခဲ့ရတာလဲဗျ

ငါ လူတွေကို စိတ်ချမ်းသာစေချင်လို့ ဒီဘဝရောက်လာရတာပါ

ဗျာ၊ လူတွေကို စိတ်ချမ်းသာစေချင်လို့ ဒီဘဝရောက်လာရတယ် ဟုတ်လား။ ကျွန်တော် နားမလည်လို့ ရှင်းပြပေးပါလား”

လူကြီးက ဆွေးမြေ့တဲ့ လေသံနဲ့ ခုလို ရှင်းပြပါတယ်

ငါဟာ အရင်က အတော်လေး ချမ်းသာခဲ့တယ်။ အိမ်ထောင်မရှိ လူပျိုကြီးတစ်ယောက်ပါ။ ငါ့မှာ ကောင်းတဲ့ အကျင့်လို့ ပြောရမလား၊ မကောင်းတဲ့ အကျင့်လို့ ပြောရမလား မသိဘူး။ ငါဟာ ငွေကြေးအခက်အခဲဖြစ်နေတဲ့ လူတွေ ငါ့ဆီလာပြီး အကူအညီတောင်းရင် ငါ ဘယ်တော့မှ မငြင်းဘူး။ သူတို့လိုသလောက် ပိုက်ဆံတွေ ပေးပြီး ကူညီတယ်။

ငါဟာ အမြဲကူညီတတ်တယ်ဆိုတာ ကြားတော့ အကူအညီတောင်းသူတွေလည်း အတော်များလာတယ်။ ငါ ပိုက်ဆံပေးလိုက်လို့ သူတို့ပျော်သွားတာကို မြင်ရင် ငါလည်း စိတ်ချမ်းသာတယ်။ ဒါပေမဲ့ ငါ့ပိုက်ဆံတွေကလည်း အပေးပဲရှိပြီး အရမရှိတော့ နောက်ဆုံး ကုန်သွားတာပေါ့ကွာ။ ငါလည်း ပိုက်ဆံမရှိတော့ ရှိတဲ့ ပစ္စည်းတွေနဲ့ အိမ်ကို ရောင်းပြီး စားသောက်ရတယ်။ နောက်ဆုံး စားစရာမရှိတော့ ခုလို လမ်းဘေးရောက်လာတာပေါ့ကွာ

ဦးလေး၊ ခုလို ဖြစ်တဲ့အတွက် နောင်တမရဘူးလားမရပါဘူး။ ဒါပေမဲ့ စိတ်မကောင်းဖြစ်မိတာ တစ်ခုရှိတယ်

ဘာ ကို စိတ် မ ကောင်း ဖြစ်တာ လဲ ဦး လေး

အေး ကွာ၊ ငါ လူ တွေ ကို သ နား လို့ ငါ့ ကိုယ် မှာ ဝတ်ထားတဲ့ အ င်္ကျီ ကို ချွတ် ပြီး ပေး လိုက် တယ်။ ငါ လို အပ် နေ တဲ့ အ ချိန် မှာ အ င်္ကျီ လက် လေးတစ် ဖက် ကို တောင် မ ပေး ကြ ဘူး ကွာ။ ငါ့ အ တွေ့အ ကြုံ က နေ မင်း ကို အ ကြံ တစ်ခု ပေး မယ် ကွာ မင်း အိမ်တစ်လုံး ဆောက် ပြီး နေ စ ရာ မရှိ သူ တွေ ကို လာ နေ ခိုင်း လိုက် ပါ ဒါ ပေ မဲ့ မင်း အိမ် ဆောက် နေ တုန်း မှာ အုတ် ခဲ တွေ လာ တောင်း ရင် မ ပေး လိုက်ပါ နဲ့။ ဘာ ကြောင့် လဲ ဆိုတော့ မင်း မှာ အုတ် ခဲ မ ရှိ တော့ လို့ အိမ် မ ဆောက် နိုင်ရင် မင်း မှာ နေ စ ရာ မ ရှိ ဖြစ်သွား မယ်

ကျွန် တော် လည်း ရ ထား ဝင်လာ လို့ ရ ထား ပေါ် အ မြန် ပြေး တက် လိုက် တယ်။ လူ ကြီး ရဲ့ စ ကား ကို နား ထဲ မှာ ကြား ယောင် ရင်း ခု လို စဉ်းစား နေ မိ တယ်

ဟုတ် ပါ တယ် အ ကူ အ ညီလို အပ် နေ သူ တွေ ကို ကူ ညီ တယ် ဆို တာ အ လွန် မွန်မြတ် တဲ့ အ လုပ် ပါ ဒါ ပေ မဲ့ ကူ ညီ ရင်း ကူ ညီ ရင်း နဲ့ မိ မိကိုယ် တိုင် မွဲ သွား ရင် လည်း မ ဟုတ် သေး ပါ ဘူး ဒါကြောင့် ကူ ညီ ရင်း နဲ့ မ မွဲ အောင် မိ မိကိုယ် ကို ပြည့် စုံ တဲ့ ကြီး ပွား ချမ်း သာ သူ တစ် ယောက် အရင် ဖြစ် အောင် လုပ် သင့် တယ်

အ ခု ဘီ လ်ဂိတ်၊ မာ့ ခ်ဇူကာ ဘတ် တို့ လို့ က မ္ဘာ မှာ အ ချမ်း သာ ဆုံး ဘီ လျံ နာသူ ဌေး ကြီး တွေ ဖြစ် လာ ပြီး ဒေါ်လာ ဘီ လျံ နာ ပေါင်း များ စွာကို လှူ တန်း ပေး နေ သ လိုပေါ့။ ဒီ လို မှ မ ဟုတ် ဘဲ ဝေသ န္တရာ မင်း ကြီး လို ဆင် ဖြူတော် ပါ မ ချန် စည်း စိမ် ပြုတ် လှူ တန်း နိုင် ရင် တော့ အ ကောင်းဆုံး ပေါ့ ဗျာ။အင် တာ နက်မှာ ဖတ် ရ တဲ့ A limit of your kindness ဆောင်း ပါး လေး ကို မှီ ငြမ်း ရေး ထား တာ ပါ။

Source – ဗန်း မော် သိန်း ဖေ(၂၁-၀၆-၂၀၁၉)

Be the first to comment

Leave a Reply

Your email address will not be published.


*