အသားမဲတယ္ ေျပာလို႔ ဟင္းခ်က္ေကၽြးၿပီး အဆိပ္ခတ္သတ္ပစ္ လိုက္တဲ့ အမ်ိဳးသမီး

လူေတြဟာ တစ္ေယာက္နဲ႔တစ္ေယာက္ေဖးမရမည့္အစား အၿမဲတမ္းေဝဖန္တိုက္ခိုက္တတ္သူေတြဖစ္တယ္လို႔ ပညာရွင္အခ်ိဳ႕ကဆိုပါတယ္ … ။

ကိုယ္အသားျဖဴရင္ အသားမဲသူကိုေလွာင္တယ္ ၊ ကိုယ္က အရပ္ရွည္ရင္ အရပ္ပုသူကိုေလွာင္တယ္ ၊ ကိုယ္ကခ်မ္းသာရင္ ဆင္းရဲသူကိုေလွာင္တယ္ …. ။ တစ္ပါးသူရဲ႕ စိတ္ခံစားခ်က္ကို ေဖးမရမည့္အစား ဖယ္က်ဥ္သြားေအာင္ တိုက္ခိုက္ေလ့ရွိၾကပါတယ္ …. ။

အားနည္းသူကိုေတြ႕ရင္ စရမည့္သတၱဝါကိုေတြ႕သလို စေနာက္တတ္ၾကတာေတြဟာလည္းလူေတြပါပဲ …. ။ အခုလည္း အိႏၵိယႏိုင္ငံမွာ အသက္ ၂၈ ႏွစ္အ႐ြယ္ အမ်ိဳးသမီးက မိသားစုတစ္ခုလုံးကိုအဆိပ္ခပ္သတ္တဲ့ ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့တာပဲျဖစ္ပါတယ္ …. ။

ဒီျဖစ္စဥ္ကေတာ့ အိႏၵိယႏိုင္ငံရဲ႕ အေနာက္ပိုင္း မဟာရတ္ရ္ွထာျပည္နယ္မွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီးေတာ့ (၅) ဦး ေသဆုံးခဲ့ရၿပီး ေသဆုံးမႈထဲမွာ ကေလးငယ္ ၄ ဦးလည္းပါဝင္ေနပါတယ္ …. ။ ရဲတပ္ဖြဲ႕က ဖမ္းဆီးစစ္ေဆးၾကည့္တဲ့အခါမွာေတာ့ မိသားစုဝင္ေတြဟာ သူ႔ကိုအသားမဲတယ္ ၊ ဟင္းခ်က္မေကာင္းဘူးရယ္လို႔ အၿမဲတမ္းစေနာက္ၿပီး ႏွိမ္ခဲ့တာေၾကာင့္ နာက်ည္းစိတ္နဲ႔ အခုလို အဆိပ္ခတ္ခဲ့တာျဖစ္တယ္လို႔သိရပါတယ္။

ခပ္တာကေတာ့ မိသားစု စားေသာက္ပြဲတစ္ခုမွာ စားစရာေတြထဲကို ပိုးသတ္ေဆးေတြထည့္ၿပီးေတာ့ လက္တုံ႔ျပန္ခဲ့တာလို႔ ဆိုထားပါတယ္ …. ။

ဒါေၾကာင့္ တစ္ပါးသူ မခံႏိုင္တဲ့ အရာေတြကို သတိထားၿပီးစေနာက္ႏိုင္ၾကေစဖို႔နဲ႔ ဒီျဖစ္ရပ္ေလးကို အတုယူၿပီး အက်ီစားသံ ရန္မ်ားဆိုသလို မျပဳၾကဖို႔ သတိရွိမိေစဖို႔ တင္ျပလိုက္တာပဲျဖစ္ပါတယ္ …. ။

Credit to Writer- SMT(Shwe Yaung Lan)

Unicode

လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်ဖေးမရမည့်အစား အမြဲတမ်းဝေဖန်တိုက်ခိုက်တတ်သူတွေဖစ်တယ်လို့ ပညာရှင်အချို့ကဆိုပါတယ် … ။

ကိုယ်အသားဖြူရင် အသားမဲသူကိုလှောင်တယ် ၊ ကိုယ်က အရပ်ရှည်ရင် အရပ်ပုသူကိုလှောင်တယ် ၊ ကိုယ်ကချမ်းသာရင် ဆင်းရဲသူကိုလှောင်တယ် …. ။ တစ်ပါးသူရဲ့ စိတ်ခံစားချက်ကို ဖေးမရမည့်အစား ဖယ်ကျဉ်သွားအောင် တိုက်ခိုက်လေ့ရှိကြပါတယ် …. ။

အားနည်းသူကိုတွေ့ရင် စရမည့်သတ္တဝါကိုတွေ့သလို စနောက်တတ်ကြတာတွေဟာလည်းလူတွေပါပဲ …. ။ အခုလည်း အိန္ဒိယနိုင်ငံမှာ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးက မိသားစုတစ်ခုလုံးကိုအဆိပ်ခပ်သတ်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ် …. ။

ဒီဖြစ်စဉ်ကတော့ အိန္ဒိယနိုင်ငံရဲ့ အနောက်ပိုင်း မဟာရတ်ရ်ှထာပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ (၅) ဦး သေဆုံးခဲ့ရပြီး သေဆုံးမှုထဲမှာ ကလေးငယ် ၄ ဦးလည်းပါဝင်နေပါတယ် …. ။ ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးကြည့်တဲ့အခါမှာတော့ မိသားစုဝင်တွေဟာ သူ့ကိုအသားမဲတယ် ၊ ဟင်းချက်မကောင်းဘူးရယ်လို့ အမြဲတမ်းစနောက်ပြီး နှိမ်ခဲ့တာကြောင့် နာကျည်းစိတ်နဲ့ အခုလို အဆိပ်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ခပ်တာကတော့ မိသားစု စားသောက်ပွဲတစ်ခုမှာ စားစရာတွေထဲကို ပိုးသတ်ဆေးတွေထည့်ပြီးတော့ လက်တုံ့ပြန်ခဲ့တာလို့ ဆိုထားပါတယ် …. ။

ဒါကြောင့် တစ်ပါးသူ မခံနိုင်တဲ့ အရာတွေကို သတိထားပြီးစနောက်နိုင်ကြစေဖို့နဲ့ ဒီဖြစ်ရပ်လေးကို အတုယူပြီး အကျီစားသံ ရန်များဆိုသလို မပြုကြဖို့ သတိရှိမိစေဖို့ တင်ပြလိုက်တာပဲဖြစ်ပါတယ် …. ။

Credit to Writer- SMT(Shwe Yaung Lan)

Be the first to comment

Leave a Reply

Your email address will not be published.


*